Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH
Blog EntrySep 5, '11 3:57 AM
for everyone
ရောင်စုံကန့်လန့်ကာရှေ့မှာ ရောက်ရှိလာသော ဧည့်ပရိတ်သတ်များကို ကျွန်တော့ရဲ့ မျက်နှာကို အစွန်းကုန်အထိ စပ်ဖြီးဖြီးလုပ်ထားကာ မြင်သူတိုင်း ရယ်မောနိုင်အောင် ဖန်တီးထားရပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရတာလည်းဆိုတော့ ကျွန်တော်ဟာ လူရွှင်တော် တစ်ယောက်မို့ပါပဲ။ ဟုတ်ပါတယ်။ လူရွှင်တော်ဆိုတာ ကိုယ်ပြက်လိုက်တဲ့ ပြက်လုံးတိုင်းလိုလိုမှာ ရယ်စရာ မောစရာ အူရွှင်စရာတွေ ပါနေတာကြောင့် လူရွှင်တော်လို့ သတ်မှတ်ခဲ့ကြသည်လား မသိ။ သေချာတာကတော့ လူရွှင်တော်ဆိုတာ အသုံးတော်ခံ ဝေါဟာရ များထဲမှာ တစ်ခုပင်ဖြစ်သည်။

ပရိတ်သတ်များက လူရွှင်တော်တစ်ယောက် ရဲ့ ပြက်လုံးတွေ လွှင့်မျှောနေကြအပြီးမှာ သူတို့ရဲ့ ကောက်ချက်ကတော့ ငပေါ ငကြောင် ဟာသကောင်.....

ရောင်စုံကန့်လန့်ကာရှေ့မှာ လူတွေကို ကျွန်တော် ရယ်မောအောင် အမျိုးမျိုးလုပ်ပြရတယ်။ တစ်ခါတစ်ခါ ပြက်လုံးတွေကြောင့် လူရိုသေတန်တဲ့ အဖြစ်မျိုးတွေကိုလည်း လုပ်ခဲ့ရတယ်။ ရောင်စုံကန့်လန့်ကာရဲ့ အရှေ့ကိုရောက်တာနဲ့ ကျွန်တော့်ရဲ့ ပြက်လုံးတွေကြောင့် ရယ်မောနေတယ်ဆိုရင်ပဲ ကျေနပ်မိတယ်၊ ကျွန်တော် မပျော်ပေမဲ့လည်း ပရိသတ်တွေ ပျော်နေရင် ကျေနပ်မိတယ်။

ကျွန်တော်တို့လို လူရွှင်တော်တွေဆိုတာ “အငိုမျက်လုံး အပြုံးမျက်နှာ”နဲ့ တစ်ခါတစ်ရံမှာ ရောင်စုံကာလကာပေါ်ရောက်ခဲ့ရတယ်။ ဟုတ်ပါတယ်။ အိမ်က မိသားစု စားဝတ်နေရေးတွေ၊ နာမကျန်းဖြစ်နေတာတွေ၊ သာရေးနာရေးတွေ၊ အကျပ်အတည်းတွေကြားမှာ ကျွန်တော့်ရဲ့ စိတ် ကျွန်တော့်ရဲ့ မျက်နှာကို ဘယ်လို ရွှင်အောင် လုပ်ရမလည်းလေ၊ ၀မ်းရေးအတွက် လူရွှင်တော် အလုပ်ကို လုပ်ရတဲ့ အခိုက်မှာတော့။ အငိုမျက်လုံး အပြုံးမျက်နှာ နဲ့ ပရိသတ်တွေကို ဖျော်ဖြေရင်းပေါ့လေ...။

ပရိတ်သတ်တွေကတော့ တွေးနေကြလိမ့်မယ်။ လူရွှင်တော်တွေက အပူအပင်ကင်းတယ်။ စိတ်ညစ်စရာတွေမရှိဘူး။ အမြဲတမ်းပျော်နေတဲ့ ပုံစံလေးပဲလို့။ တစ်ကယ်တော့ လူတစ်ယောက်ရဲ့ အပြင်ပိုင်းကို ကြည့်ပြီး ထိုလူရဲ့ စိတ်ကို ခန့်မှန်းလို့မှ မရပဲ။ လူရွှင်တော်တွေမှာ ရောင်စုံကကန့်လန့်ကာရဲ့ နောက်ကွယ်မှာ ဘယ်လောက်ပဲ ၀မ်းနည်းစရာတွေရှိနေပါစေ။ ကန့်လန့်ကာရှေ့ရောက်လာတဲ့ အခါမှာတော့ အပြုံးမျက်နှာကို တန်ဆာဆင်ရပါတယ်...။

တစ်ကယ်တော့ ကျွန်တော်ဟာ အပြုံးမျက်နှာလေးကို ပြနေပေမဲ့လည်း မျက်ဝန်းက မျက်ရည်တွေကို ပရိသတ်တွေ မြင်နိုင်မယ်ဆိုရင်........
{ဇောင်း}

32 CommentsChronological   Reverse   Threaded
k0gyi wrote on Apr 13, '10
တင်ပြပုံလေးကောင်းတယ်
ဥပမာ ဥပမေးလေးကို လူရွှင်တော်နဲ့ နှိုင်းယှဉ်ပြသွားနိုင်တယ်
အပူရုပ်ကို လူမသိအောင် ဖုံးကွယ်တာမျိုးဆိုသလိုပေါ့။
mraungj wrote on Apr 13, '10
k0gyi said
တင်ပြပုံလေးကောင်းတယ်
ဥပမာ ဥပမေးလေးကို လူရွှင်တော်နဲ့ နှိုင်းယှဉ်ပြသွားနိုင်တယ်
အပူရုပ်ကို လူမသိအောင် ဖုံးကွယ်တာမျိုးဆိုသလိုပေါ့။
ဟုတ်၏ ကိုရီး
အငိုမျက်လုံး အပြုံးမျက်နှာ ကို လူတွေ နားလည်နိုင်ဖို့က.......
kotunwinlatt wrote on Apr 13, '10
ဟုတ်တယ်ဗျာ....ဘ၀မှာလည်းလူရွှင်တော်တစ်ယောက်လိုပြုမူနေရတာတွေအများကြီးပါ.....
mraungj wrote on Apr 13, '10
ဟုတ်တယ်ဗျာ....ဘ၀မှာလည်းလူရွှင်တော်တစ်ယောက်လိုပြုမူနေရတာတွေအများကြီးပါ.....
ဟုတ်ပါတယ် ကိုထွန်းဝင်းလတ်
အများအမြင်မှာ အလေးအနက်တွေ မရှိဘူးလို့ထင်ရပေမဲ့လည်း တစ်ကယ့် စိတ်ထဲက ဝေါဟာရကို မည်သူမှ မသိနိုင်သလိုပါ၊ ဟို ဆိုရိုး စကားလိုပေါ့၊ “ကိုယ့်ဝမ်းကိုသာသိ” ဆိုသလို...... လူရွှင်တော် ဘ၀လို လူတိုင်းခံစားနေရတာကို လူအချင်းချင်း သိမြင်နိုင်ဖို့က မဖြစ်နိုင်ပေမဲ့.......
kotunwinlatt wrote on Apr 13, '10
mraungj said

ဟုတ်....တူနေပီဗျာ...ကျနော်လည်း အဲ့လိုပဲဗျာ..ဘာမှအလေးအနက်မရှိတဲ့လူလို့ထင်နေကြတာ...တကယ်တော့ ရှိလွန်းလို့ ဟာသအဖြစ်နဲ့ သာစွန့်ထုတ်နေရတာကို သိမှမသိကြတာကိုး......
mraungj wrote on Apr 13, '10
ဟုတ်....တူနေပီဗျာ...ကျနော်လည်း အဲ့လိုပဲဗျာ..ဘာမှအလေးအနက်မရှိတဲ့လူလို့ထင်နေကြတာ...တကယ်တော့ ရှိလွန်းလို့ ဟာသအဖြစ်နဲ့ သာစွန့်ထုတ်နေရတာကို သိမှမသိကြတာကိုး......
ဟုတ်တယ်ဗျာ၊ တစ်ချို့တွေက ထုတ်ပြမှာ ထုတ်ပြောမှာ သိမှာဆိုတော့၊ ခက်ပါတယ်ဗျာ၊ လူရွှင်တော်လိုပဲ နေလိုက်တာ အကောင်းဆုံးပါပဲဗျာ........
kotunwinlatt wrote on Apr 13, '10
mraungj said
ဟုတ်တယ်ဗျာ၊ တစ်ချို့တွေက ထုတ်ပြမှာ ထုတ်ပြောမှာ သိမှာဆိုတော့၊ ခက်ပါတယ်ဗျာ၊ လူရွှင်တော်လိုပဲ နေလိုက်တာ အကောင်းဆုံးပါပဲဗျာ........
အင်း ဗျာ...ပျော်ပျော်နေသေခဲ့....မော်တော်နေရေထဲပေါ့ ...ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ပေါက်ကွဲချင်တာပေါ့....ထိန်းချုပ်ထားရတာတေါများလာတော့လေ......
Comment deleted at the request of the author.
littleheartlay wrote on Apr 13, '10
အခါကြီးရက်ကြီးမှာ ပျော်စရာတွေ တွေးပါ ဦးဇောင်းရေ..
mraungj wrote on Apr 13, '10
အခါကြီးရက်ကြီးမှာ ပျော်စရာတွေ တွေးပါ ဦးဇောင်းရေ..
ဟုတ်၊ တွေးတယ်ဗျ၊ စိတ်ထွက်ပေါက်အဖြစ်ရေးလိုက်တာပါ၊ ပေါ့သွားအောင်....
k0gyi wrote on Apr 13, '10
ဒီအချိန်လေးက တွေးရတာ ပိုအရသာရှိ
သလားလို့။ ပုံမှန်နဲ့မတူတဲ့ feeling လေးရတာပေါ့။
mraungj wrote on Apr 13, '10
k0gyi said
ဒီအချိန်လေးက တွေးရတာ ပိုအရသာရှိ
သလားလို့။ ပုံမှန်နဲ့မတူတဲ့ feeling လေးရတာပေါ့။
ဟုတ်၏။ သူများတွေ ပျော်နေ ကဲနေချိန်မှာ။ အခန်းထဲမှာ တကုတ်ကုတ်နဲ့ အတွေးတွေကို အလုပ်ပေးတာ၊ ကောင်းတော့ကောင်းပါတယ်... ဒါပေမဲ့
k0gyi wrote on Apr 13, '10
mraungj said
ဟုတ်၏။ သူများတွေ ပျော်နေ ကဲနေချိန်မှာ။ အခန်းထဲမှာ တကုတ်ကုတ်နဲ့ အတွေးတွေကို အလုပ်ပေးတာ၊ ကောင်းတော့ကောင်းပါတယ်... ဒါပေမဲ့
၁နှစ် အတွင်း နေရာနှစ်ခုမှာ အတွေး ၂မျိုးရတာပေါ့လေ။
soemoe925 wrote on Apr 13, '10
ကျွန်တော်တို့ ကိုယ်တိုင်လည်း လူရွှင်တော်တွေလို ဖြစ်နေခဲ့ ဘူးတယ်လေ..
စိတ်ညစ်စ၇ာတွေထက် ကိုယ်နဲ့  တွေ့ လိုက်၇င် တဖက်လူကို ပျော်စေချင်တာပါဘဲ
Comment deleted at the request of the author.
mraungj wrote on Apr 13, '10
ကျွန်တော်တို့ ကိုယ်တိုင်လည်း လူရွှင်တော်တွေလို ဖြစ်နေခဲ့ ဘူးတယ်လေ..
စိတ်ညစ်စ၇ာတွေထက် ကိုယ်နဲ့  တွေ့ လိုက်၇င် တဖက်လူကို ပျော်စေချင်တာပါဘဲ
အမှန်ပါပဲ ကိုစိုးမိုး.....
bluelark wrote on Apr 13, '10
i think every body like that, they pretend to smile for their pride but for clones they pretend n try to make others happy
:)
k0gyi wrote on Apr 13, '10
i think every body like that, they pretend to smile for their pride but for clones they pretend n try to make others happy
:)
You're right.
Agree it.
thawtar99 wrote on Apr 13, '10
ဟုတ်တယ်ဗျာ....ဘ၀မှာလည်းလူရွှင်တော်တစ်ယောက်လိုပြုမူနေရတာတွေအများကြီးပါ.....
မှန်၏။
thawtar99 wrote on Apr 13, '10
ဟုတ်....တူနေပီဗျာ...ကျနော်လည်း အဲ့လိုပဲဗျာ..ဘာမှအလေးအနက်မရှိတဲ့လူလို့ထင်နေကြတာ...တကယ်တော့ ရှိလွန်းလို့ ဟာသအဖြစ်နဲ့ သာစွန့်ထုတ်နေရတာကို သိမှမသိကြတာကိုး......
ဟုတ်ပါ့။ဒါပေမယ့် အဲလိုထင်တာပဲကောင်းပါတယ်။ ကိုယ့်ကြောင့် သူများတွေကို ပျော်ပဲပျော်စေချင်တယ်။
စိတ်မညစ်စေချင်တော့လေ။
thawtar99 wrote on Apr 13, '10
mraungj said
ဟုတ်တယ်ဗျာ၊ တစ်ချို့တွေက ထုတ်ပြမှာ ထုတ်ပြောမှာ သိမှာဆိုတော့၊ ခက်ပါတယ်ဗျာ၊ လူရွှင်တော်လိုပဲ နေလိုက်တာ အကောင်းဆုံးပါပဲဗျာ........
ဒါအကောင်းဆုံးပါပဲ။
thawtar99 wrote on Apr 13, '10
ကျွန်တော်တို့ ကိုယ်တိုင်လည်း လူရွှင်တော်တွေလို ဖြစ်နေခဲ့ ဘူးတယ်လေ..
စိတ်ညစ်စ၇ာတွေထက် ကိုယ်နဲ့  တွေ့ လိုက်၇င် တဖက်လူကို ပျော်စေချင်တာပါဘဲ
တူတယ်။ဒါကြောင့်တယ်ရင်းဖြစ်နေတာ။ ဒါပေမယ့် ငသော်ကတော့ အရက်မသောက်ဘူးနော်။
sakingwe wrote on Apr 14, '10
ဟိုက်
ကိုဇောင်းကလုပ်နေရသေး ကျနော်က
တစ်ခါတစ်လေး အရူးလိုပါပဲဗျာ။စာနာပါတယ်ဗျာ..
mraungj wrote on Apr 14, '10
ဟိုက်
ကိုဇောင်းကလုပ်နေရသေး ကျနော်က
တစ်ခါတစ်လေး အရူးလိုပါပဲဗျာ။စာနာပါတယ်ဗျာ..
:)
demonay wrote on Apr 14, '10
သြော် လူရွှင်တော်တဲ့လား ........
ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိစမြဲမို့ ... အားလုံးပဲ လူရွှင်တော် ဖြစ်ဖူးကြမယ်ထင်ပါရဲ့ ..
ဒါပေမယ့် လူရွှင်တော်တွေဟာ အဆိုးထဲက အကောင်းတွေကို သရော်နိုင်စွမ်းနဲ့ မြင်တတ်ကြတယ် ..
လူရွှင်တော်တွေဟာ မရွှင်ပျသော သူများထက်တော့ တစ်နေရာမှာ အားသာချက်ရှိကြတယ် ....
moonnnnnn wrote on Apr 14, '10

မုန့်လုံးရေပေါ်လာပို့ပါတယ်....
သပြေခက်လေးနဲ့
ရေပက်သွားသေးတယ်နော်..
အတာသင်္ကြန်မှာ ပျော်ရွှင်ပါစေ..
လူရွှင်တော်ရေ..မုန့် မုန့်..
mraungj wrote on Apr 14, '10
demonay said
သြော် လူရွှင်တော်တဲ့လား ........
ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိစမြဲမို့ ... အားလုံးပဲ လူရွှင်တော် ဖြစ်ဖူးကြမယ်ထင်ပါရဲ့ ..
ဒါပေမယ့် လူရွှင်တော်တွေဟာ အဆိုးထဲက အကောင်းတွေကို သရော်နိုင်စွမ်းနဲ့ မြင်တတ်ကြတယ် ..
လူရွှင်တော်တွေဟာ မရွှင်ပျသော သူများထက်တော့ တစ်နေရာမှာ အားသာချက်ရှိကြတယ် ....
ပရိသတ်တွေကို လူရွှင်တော်က ပျော်အောင် လုပ်ပေးနိုင်ပေမဲ့ လူရွှင်တော်ကို ပရိသတ်က ရယ်မောစေအောင် မလုပ်ပေးနိုင်တာတော့ အားသာချက်လား ပိုလိုအားနည်းချက်လားမသိ....
mraungj wrote on Apr 14, '10, edited on Apr 14, '10

မုန့်လုံးရေပေါ်လာပို့ပါတယ်....
သပြေခက်လေးနဲ့
ရေပက်သွားသေးတယ်နော်..
အတာသင်္ကြန်မှာ ပျော်ရွှင်ပါစေ..
လူရွှင်တော်ရေ..မုန့် မုန့်..
ရှဲရှဲနီ ကျဲကျဲမွန်
pinkladyprincess wrote on Apr 18, '10
ကိုယ်ကိုတိုင်မပျော်ပေမယ့် အများသူငါပျော်ရွှင်နေတာမြင်ရတော့ သူတို့ရဲ့ပျော်တွေကကိုယ့်ဆီကိုကူးဆက်မသွားနိုင်ဘူးလား ........
thanakharnayhe wrote on Oct 2, '11
ကိုယ်ကိုတိုင်မပျော်ပေမယ့် အများသူငါပျော်ရွှင်နေတာမြင်ရတော့ သူတို့ရဲ့ပျော်တွေကကိုယ့်ဆီကိုကူးဆက်မသွားနိုင်ဘူးလား ........
ကျွန်တော်တော့ မထင်ဘူး....
လူရွှင်တော်ဆိုတာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ပရိတ်သတ်အတွက် ပေးဆပ်လိုက်ရတဲ့သူပါ....
သူများတွေပျော်ရွှင်အောင် ကြိုးစားရင်း ကိုယ့်ရဲ့ပျော်ရွင်မှုတွေ တစ်စတစ်စပျောက်ဆုံးသွားတတ်တယ်
khunkhandon wrote on Oct 10, '11
နေကောင်းတယ်နော်။
သတိရတယ်ဗျာ အားလုံးကိုပဲ။
tnyh wrote on Oct 25, '11
"ကျွန်တော်တော့ မထင်ဘူး....
လူရွှင်တော်ဆိုတာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ပရိတ်သတ်အတွက် ပေးဆပ်လိုက်ရတဲ့သူပါ....
သူများတွေပျော်ရွှင်အောင် ကြိုးစားရင်း ကိုယ့်ရဲ့ပျော်ရွင်မှုတွေ တစ်စတစ်စပျောက်ဆုံးသွားတတ်တယ်"
{ အမှန်ဆုံးပဲ }

Add a Comment
   
Online Seller

ကိုဇောင်း

ayarunicodegroup.org Ayar.co Ayar.co